မျှော်လင့်နေမယ့် သူ့ကမ်းလင့်လက်
posted under
Poem
by chitsanm


အချိန်တွေကုန်ဆုံးခဲ့ပေမယ့်
မျှော်လင့်ချက် အလင်းရောင်တန်းလေးက
ငါ့ကို တစ်စ တစ်စ တိုက်စားနေပြီပဲ...။
သူ့ကို လွမ်းတယ်ဆိုတဲ့ စိတ်ကလေး ရှိရုံကလွဲလို့
သူ့အပေါ် အပြစ်မတင်မိတာတော့ သူတစ်ယောက် သိခဲ့မှာ မဟုတ်ပါဘူး...။
သူသာ ငါ့ရဲ့မျှော်လင့်ချက်ဖြစ်ခဲ့လို့
သူ့ရဲ့ မျှော်လင့်ကမ်းလှမ်းမယ့် လက်လေးကိုတော့
မျှော်လင့်နေမိမယ်ဆိုတာ သူတစ်ယောက် ယုံစေချင်တယ်...။
Written by
ချစ်စမ်း
Comment Form under post in blogger/blogspot