အစွန်းရောက်စေမယ့် "မျှော်လင့်ချက်''
posted under
Poem
by chitsanm


မင်းရဲ့မျက်ဝန်း အညှို့တစ်ချက်မှာ
လျှို့ဝှက်အနမ်းတွေလှိုက်ပြီး
အငိုက်မိသွားသူက ငါရယ်မို့...။
မင်းရဲ့အပြုံးတစ်ပွင့်အောက်မှာ
မဆုံးသင့်တဲ့အကြည့်တွေနဲ့ ငြိတွယ်ခဲ့တဲ့
သံယောဇဉ်အစုံနဲ့သူဟာ ငါရယ်မို့...။
မင်းရဲ့ အမုန်းဆိုတဲ့စကားလေးရဲ့အောက်မှာ
အပြုံးမဖက်သာ အရှုံးတစ်သက်သာ ရစေခဲ့တဲ့ ငါ့နှလုံးသားအတွက်
အလှည့်ဆိုတာ မရှိခဲ့ရင်တောင် မင်းရဲ့အချစ်ကို မျှော်လင့်နေမယ့်
မျှော်လင့်ချက်ဆိုတဲ့ အမည်လေးကိုတော့ မင်းပေးတဲ့ ဆုလဒ်အဖြစ်
လက်ခံ မျှော်လင့်နေပါရစေ ချစ်သူ...။
Written by
ချစ်စမ်း
Comment Form under post in blogger/blogspot