``အစမ်းသပ်ခံ ရောင်စင်မဲ့နှလုံးသား´´

posted under by chitsanm


မပီပြင်ဝိုးတ၀ါး မကြည်လင်ဆိုးရွားလှတဲ့
အိပ်မက်ရက်ရှည် ညများစွာရဲ့အလယ်မှာ
အတိတ်ရဲ့အဖြေကို
ပြန်ရှာမိကာ အခါခါပေါ့...။

ချစ်သူရဲ့ ကြည်လင်ရိုးရှင်းလှတဲ့ အဖြေမှန်တစ်ခုအတွက်
အသက်ထက်မြတ်နိုး ချစ်ခဲ့သော်လည်း
အချစ်အတွက် အပြစ်မဲ့တဲ့ဒီလူ့နှလုံးသားကိုမှ
မညှာတာခဲ့...။

အချစ်မဲ့ စကားတွေကို ရွတ်ဆိုပြတတ်သူရဲ့
နှစ်သိမ့်သံစဉ်လေးတွေရဲ့အလယ်မှာ
ကြယ်တာရာ မလင်းလက်တဲ့ လမိုက်ည
မိုးမှောင်ကျခဲ့တဲ့ ဒီလူ့နှလုံးသားကို
မင်းအတွက် အပြီးအပိုင် စတေးခဲ့လိုက်ပါပြီ
ချစ်ရတဲ့သူရယ်...။ ။

Written by
ချစ်စမ်း

0 comments

Make A Comment
top