``အစမ်းသပ်ခံ ရင်ခွင်မဲ့နှလုံးသား´´
posted under
Poem
by chitsanm

အပြုံးပန်းတစ်ရာ မယာမဒီရဲ့
ဆွဲဆောင်မှုကြောင့်
အချစ်ဆိုတဲ့ ``အ´´ ``ချစ်´´စိတ်ကြောင့်
အညှာမညောင်း အသီးမရင့်ခင်မှာပဲ
မြေ၀ယ်ခညောင်း
ကြွေကြခဲ့ဖူးပြီ...။
အနှစ်မပါတဲ့ အချစ်တွေကို
အပြစ်မဖွဲ့ အချစ်စစ်သကဲ့သို့
ရစ်ဖွဲ့နှောင်ခဲ့သံယောဇဉ် အဖြစ်တွေကြောင့်
မထီမဲ့မြင် ကျီစယ်ပြုကာ စော်ကားခံခဲ့ရဖူးပြီ...။
ခပ်လှလှမဒီတစ်ပါးကို စွဲလန်းတမ်းတမိလို့
ကြိုးကိုင်နေသူ ထိုမဒီရဲ့ ဖြတ်တောက်မှုကြောင့်
ရုပ်သေးကြိုးပြတ် ဖြေဆည်ချိန်ကင်းမဲ့လောက်အောင်ထိ
အတုံးအရုန်း လဲကျခဲ့ဖူးပြီ...။
သံယောဇဉ် ချုပ်ငြိမ်းလွန်းလှတဲ့
ဒီအချစ်ရဲ့ ပဟေဠိ ပုစ္ဆာတွေကို
မဖြေဆိုနိုင်တော့တာ ငါ့ရဲ့ အပြစ်လား....။
Written by
ချစ်စမ်း
Comment Form under post in blogger/blogspot