ကဗျာကဏ္ဍ(၁၆)

posted under by chitsanm

``မိုက်ရူးရဲ အချစ်´´

ပုံသဏ္ဌာန်မူခြားနားတဲ့
ထောင့်မှန်စတုဂံတစ်ခုနဲ့
သုံးနားညီတြိဂံတစ်ခုတို့ ပေါင်းစပ်ပြီး
စက်ဝိုင်းအသွင်သ
ဏ္ဌာန် ပေါ်ထွက်လာဖို့အတွက်
မဖြစ်နိုင်မှန်း သိသိနဲ့…။

နွေကန္တာရဲ့ ခြောက်သွေ့ရွက်ကြွေပင်တွေအကြား
ဥသြငှက်ငယ်ရဲ့ လွမ်းတေးသံတွေရဲ့အလယ်မှာ
ဆွတ်ပျံ့စိုစွတ်မှုအတိ ပေးစွမ်းနိုင်မယ့်
ချိန်ခါသင့်မိုးကြီး ရွာသွန်းဖို့အတွက်
မဖြစ်နိုင်မှန်း သိသိနဲ့…။

မတူညီတဲ့ အလွှာပေါင်းများစွာ တားဆီးထားတဲ့
မင်းနဲ့ကိုယ့်ရဲ့ကြားမှာ ``အချစ်´´ဆိုတဲ့
စကားလေးတစ်လုံးဟာ ကိုယ့်အတွက်
မဖြစ်နိုင်(မထိုက်တန်)မှန်း သိသိနဲ့…။

ကိုယ့်ရဲ့ခြောက်သွေ့ကမ္ဘာလေးထဲကို
မင်းရဲ့ အချစ်မိုးလေး ရွာသွန်းဖြိုးဖို့ တောင်းခံနေမိသူ
ငါလို (အချစ်မိုက်ရူးရဲဆန်တဲ့) ငမိုက်သား တစ်ယောက်စာ
မင်းရဲ့ နှလုံးသားထောင့်တစ်နေရာမှာ
ထာဝရရှင်သန်ခွင့် မျှော်လင့်ချက်လေးအတွက်
ဖြစ်နိုင်ပါဦးမလား…။


Written by
ချစ်စမ်း

0 comments

Make A Comment
top