ကဗျာကဏ္ဍ(၁၅)

posted under by chitsanm

``ငါ…နဲ့ ဆန္ဒ´´

ငါ…
ရယူနေချင်တတ်ပြီ…
ဟိုး… ဝေးဝေးက မမျှော်လင့် မတမ်းတကောင်းတဲ့
ကြယ်စင်လေးကိုပေါ့…။

ငါ…
သတိရစွဲလန်းနေတတ်ပြီ…
ဟိုး… ဝေးဝေးက မပိုင်ဆိုင်ထိုက်တဲ့
လှရွယ်ပျိုဖြူလေးတစ်ယောက်ကို အရူးအမူးချစ်မိနေလို့ပေါ့…။

ငါ…
မျှော်လင့်နေတတ်ပြီ…
ဟိုး… ဝေးဝေးက စိမ်းကားဟန် နိမိတ်ပြနေတတ်သူလေးရဲ့
သမင်လည်ပြန်အကြည့်လေးကို
ပိုင်ဆိုင်နိုင်မယ့် နေ့လေးတစ်နေ့ကိုပေါ့…။

ငါ…
ကြည်နူးနေတတ်ပြီ…
ဟိုး… ဝေးဝေးက ချစ်ရသူရဲ့နှုတ်ခမ်းအစုံမှ ထွက်ပေါ်လာတဲ့
``သတိရနေပါတယ်´´ဆိုတဲ့
ဖြေသိမ့်မှုအပြည့် ပါဝင်နေတဲ့စကားလေးကိုပေါ့…။

ငါ…
အမြဲကြားချင်နေတတ်ပြီ…
ဟိုး… ဝေးဝေးက ချစ်ရတဲ့သူမှ
ကြင်နာယုယမှုအပြည့်နဲ့ ထွက်ပေါ်လာမယ့်
``ချစ်နေပါတယ်´´ဆိုတဲ့
သံယောဇဉ် အချစ်စကားလေးကိုပေါ့…။

Written by
ချစ်စမ်း

1 comments

Make A Comment
top