ကဗျာကဏ္ဍ(၁၄)

posted under by chitsanm

``ငါသည်ချစ်မိ အပြစ်ရှိ´´

အလွမ်းနိဂုံးအဆုံးသတ်ဖို့ အပြုံးတပ်ပြီး
အထီးမကျန်ရက်ပါဘူး…။
ရင်ထဲမှခံစားချက်အတိန်အနက်တွေကြောင့် ဖြစ်ပေါ်လာတဲ့
အနက်ရှိုင်းဆုံး နှလုံးသားရဲ့လိုအင်ဆန္ဒတွေကို
မငြင်းဆန်ရက်ပါဘူး…။

ချစ်ရတဲ့သူရဲ့ နှုတ်ခမ်းအစုံမှ
မနှစ်မြို့ဖွယ်ရာ တုန့်ပြန်မှုစကားလေးတွေရဲ့ အဖြေမှန်ကို
အပြစ်မမြင်ရက်ပါဘူး…။

ချစ်မိသူ ငါ့ကိုသာလျှင် ပြန်လည်စမ်းစစ်မိတော့
``ငါသည် အပြစ်လား..? ၊ အချစ်သည် အပြစ်လား…?´´ဆိုတဲ့
ေ၀၀ါးဝါးစကားလုံးလေးတွေကို တီးတိုးရေရွက်မိပြန်၏။

အရူးအမူးချစ်မိသူ ငါ့ကိုသာ ထပ်ခါတလဲလဲ အဖြေရှာကြည့်ပြန်တော့
သြော်….
ငါသည်ချစ်မိ အပြစ်ရှိ၏။


Written by
ချစ်စမ်း

0 comments

Make A Comment
top