ချစ်ခဲ့ကြပါသည်... သို့သော်...

posted under by chitsanm
ပြီးဆုံးခဲ့တဲ့အဖြစ်အပျက်တွေရဲ့အချိန်တွေကို မေ့ပစ်နိုင်ဖို့ ငါ့မှာစွမ်းအားမရှိခဲ့ပါဘူး။ နှလုံး သားရဲ့ ခံစားမှုအတိမ်အနက်ကြောင့်ပင်.. ရူးသွပ်ခဲ့ဖူးသည်ဆိုလျှင်မှားမည်မထင်။ မမေ့ အပ်သောချစ်သူ၊ မတမ်းတကောင်းသော အခြေအနေမို့ သတိရဖြစ်ခြင်းတွေကို အိပ် မက်အဖြစ် မှတ်ယူတမ်းတနေမိတယ်လေ။

သူ့ရဲ့အကြည့်တစ်ချက်အထိမှာ အငိုက်မိ သွားသူက.. ငါ။ သူ့ရဲ့ညွှတ်ကွင်းအစုံတွင်း ဘယ်လိုမှ ရုန်းထွက်လို့မရနိုင်တော့လို့ ၊ အပြုံးပန်းတစ်ပွင့်ကြောင့်အရှုံးဆိုတာ မတွေး တောမိဘဲ မမုန်းတမ်းချစ်ရဖို့ ကြိုးစားခဲ့ သူက ငါရယ်ပါ...။

သူ့ရဲ့တုန့်ပြန်မှု ကမ်းလင့်အချစ်လေးကိုရခဲ့ ပြီးတဲ့နောက် နှလုံးသားအတွက် ပြီးပြည့်စုံတဲ့ အပျော်ရွှင်ဆုံးနေ့လေးတွေပေါ့။ ကိုယ့်အပေါ် ထားခဲ့တဲ့အချစ်၊ ကိုယ့်အပေါ်ထားခဲ့တဲ့သံယောဇဉ်တွေကြောင့် တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်အခြေခိုင်မြဲခဲ့ကြလေတယ်။ တစ်ဦးနဲ့တစ်ဦး တွေ့နေကြနေရာလေးကပင် ကိုယ် တို့နှစ်ဦး မဆုံဖြစ်ခဲ့ကြလျှင် အထီးကျန်ဆန်လွန်းနေသည့်အလားပေါ့။ ရက်ရှည်လများ ကြာခဲ့သည့်တိုင် သူနှစ်ကိုယ် သံယောဇဉ်တွေက ပိုပြီးခိုင်မြဲနေလေရဲ့။

ဒါပေမယ့် နှစ်ဦးစလုံးမျှော်လင့်မထားတဲ့ အခြေအနေလေးတစ်ခုသို့ ရောက်ရှိခဲ့ပြီလေ။ ကိုယ်ကလည်း သူ့ကိုချစ်ပါသည်... သူကလည်း ကိုယ့်ကိုချစ်ပါသည်... (သို့သော်....) ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြန်လည်တမ်းတမိတိုင်း ချစ်ရက်မှသည် လွမ်းရက်ကယ် ရှည်စေခဲ့ပါသလား။

1 comments

Make A Comment
top