ကဗျာကဏ္ဍ(၁၃)

posted under by chitsanm

ဥာဉ် (သို့) စရိုက်

တစ်နေ့ကပေါ့

နွေးထွေးလွန်းတဲ့
`အမေ့´ဂေဟာထဲကနေ ရှုမငြီးနိုင်လွန်းတဲ့
သဘာဝဆိုတဲ့တရား ... ဒါကိုခံစား ...

ဒီအခိုက်လေးမှာတင်
ပန်းပွင့်တွေအနား ပျားတွေအကြားမှာ
ပျော်နေရှာတဲ့ အသီးတစ်လုံး...
ကြွေကျ... မြေခခဲ့တာ မြင်လိုက်ရ
ကြွေချိန်တန်လို့လား ခဲပျံကြောင့်မို့လား...

ဒါပေမယ့်...
ငါသိခဲ့တာ သဘာဝ သဘာဝဆိုတဲ့...
ဒီတရားကြောင့်သာဖြစ်မှာပါ...။

ဒီလိုပဲလေ...
နောက်... တစ်နေ့မှာ
(သိပ်)နွေးထွေးတဲ့မေတ္တာ `အမေ့´မေတ္တာ
ဒီမေတ္တာကို ဥပေက္ခာပြု
ဒေ၀ီတစ်ပါးရဲ့ ဆွဲဆောင်မှုကြောင့်ပေါ့...
အမေ့ရဲ့ယုယမှုကို ကျောခိုင်း...
အမေ့ရဲ့ရင်ခွင်ထဲကို သူစိမ်းဆန်ဆန်ကြည့်ခဲ့...

ဒါပေမယ့်... နှလုံးသား
သွေးချောင်းစီးလည်း
သွေးမွန်းပြီးမသေသွားတာ (သိပ်)ကံကောင်းတယ်...
ဒါလည်း... ဖူးစာလွဲလို့လား...?
လမ်းခွဲချင်လို့လား...?
ကျိန်းသေတာတော့ ငါသိထားတဲ့တရား...
သဘာဝကြောင့်များလား...?

ဒီလိုနဲ့
နောက်တစ်နေ့ရဲ့ မနက်ဖြန်မှာပေါ့...
ရင်ထဲက`အချစ်´ ဒီအချစ်ရဲ့
မြေဆီ(သြဇာ)တွေနဲ့
ပျိုးထားတဲ့ မေတ္တာပင် နုပျိုစဉ်မှာတင်
အမြစ်ပါမကျန်အောင် အနှုတ်ခံလိုက်ရ...
ဒါကတော့
ငါသိထားတဲ့တရား မလွဲမှားပေမယ့်
သူ့ပယာဂ...သူ့သဘာဝဆိုတာတော့
သေချာတယ်။ ။


Written By
Frankenstein

0 comments

Make A Comment
top