ကဗျာကဏ္ဍ(၁၂)

posted under by chitsanm

ကမ်းလင့်အချစ်

တစ်နေ့မှမေ့မရ
တွေ့နေရမင်းရုပ်သွင်
အကြင်နာမာန မထားလင့်ပါနှင့်
မရွှင်သာ ကိုယ့်နှလုံးသားရယ်မို့
အကြင်နာတဆိတ်လေးမျှ လှမ်းလှည့်ပါ။

သခင်ကြင်သူမဲ့(မယ့်)ရင်ခွင်ဆီ
ဘ၀င်ရွှင်ပြုံး မင်းနှလုံးသားလေးများလာခဲ့လျှင်
ကြင်ရာမဲ့ ဟောဒီရင်ခွင်က
လှမျိုးကြွယ်ဒေ၀ီတစ်ပါးကို
ဆီးလို့သာ ကြိုနေဆဲ။ ။


Written By
ချစ်စမ်း

0 comments

Make A Comment
top