ကဗျာကဏ္ဍ(၁၁)
posted under
Poem
by chitsanm


နောက်ဆုံးနေရာလေးတစ်ခု
သည်း(သဲ)နင့်အောင်ရူး
အချစ်ဆူးစူးခဲ့ပေမယ့်လည်း
ချစ်ခဲ့ဖူးသူ
မင်းတစ်ယောက်အတွက်တော့
မဖြေဆည်နိုင်တဲ့
လွမ်းမောတသမှုတွေနဲ့
အပြည့်ခံစားနေမိပေါ့။
တစ်သက်မမေ့မှာ မင်းတစ်ယောက်သာ
အကြင်နာမင်းအချစ် ဘယ်သူ့ရင်ဖြစ်
သူကစွန့်ပစ် မင်းဖြစ်ခဲ့လျှင်
ပန်းခြောက်ပမာ နွမ်းလျငြား
ငြိုငြင်စိတ်မထား ချစ်စိတ်ပွားကာ
ဖွဖွလေးကောက်ခါနမ်း
ပျောက်ဆုံးချိန်မတန်သေးရင်တော့
နောက်ဆုံးနေရာလေးတစ်ခု
မျှော်လင့်နေချင်သေးတယ်၊ ။
Written By
ချစ်စမ်း
Comment Form under post in blogger/blogspot