ကဗျာကဏ္ဍ(၁၀)

posted under by chitsanm
ဘလော့ဂ်ချစ်သူ


ဘလော့ဂ်ကိုချစ် ရင်မှာနှစ်၍

အိပ်ပျက်ညတွေ များဖူးပြီ။


ဘလော့ဂ်ကိုခင် သံယောဇဉ်ကြောင့်

ချစ်သူစွန့်ခွာ ပြေးဖူးပြီ။


ဘလော့ဂ်မြတ်နိုး ရင်မှာကိုး၍

ဆဲဆိုငေါက်ငန်း မုန်တိုင်းကြမ်းကို

ဝမ်းနည်းဖွယ်ရာ ကြုံဖူးပြီ။


မည်သို့ကြုံဆုံ ရင်မခုန်ခဲ့

အဟုန်မြင့်မား ချစ်စိတ်ပွားကာ

သည်း(သဲ)ကြားမှပင် ထာဝရရှင်၏။


ယိုင်လျှင်ပြန်ထ၊ ပြတ်လျှင်ပြန်တွဲ

လဲလျှင်ပြန်ထ၊ ဇွဲလုံ့လနှင့်

ညညနေ့နေ့ အိပ်စားမေ့လည်း

ရေတွေ့ရွှေကြာ ပူပင်းကင်းစွာ

Blogger နယ်မှာ ပျော်ပါသည်။


Music Blog နဲ့ လက်ရှိ Blog နှစ်ခုအကြား ဗြာများနေအခိုက် အဖြစ်အပျက်လေးပါ။

0 comments

Make A Comment
top