ကြော်ငြာလေးတစ်ခုလို့ပဲဆိုရမလား
posted under
Post
by chitsanm

ကျွန်တော့်ရဲ့ဆိုဒ်ကို လာလည်ကြတဲ့ သူငယ်ချင်းတွေအားလုံးမင်္ဂလာပါ။
လာလည်ကြတဲ့အတွက်လည်း အားနာမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ပို့စ်တင်တဲ့ အပိုင်းမှာ ကြံ့ကြာနေတဲ့အပြင် ပို့စ်တင်တဲ့ဘက်ကိုမရောက်မိဘဲဖြစ်နေတယ်။
ဖြစ်ပုံကဒီလိုဗျို...
ကျွန်တော်က သီချင်းဘက်ကိုလည်း ၀ါသနာထုံတယ်လေ။ အဲဒီတော့ အခုလက်ရှိ Blog Site တင် မကဘဲ နောက်ထပ် Music Blog လုပ်ဖို့ စိတ်ကူးပေါ်လာပါတယ်။ ပေါ်လာတဲ့စိတ်ကူးကို အကြွေးမထားဘဲ Music Blog တစ်ခု ထပ်ပြီးလုပ်မိပါတယ်။ Music Blog လုပ်ရတာလည်း မလွယ်ဘူးဗျို။ လုပ်မယ်လို့စိတ်ကူးတဲ့အချိန်ကတော့ အခုလက်ရှိ Blog လို အချိန်တိုတိုနဲ့ ပြီးသွားလိမ့်မယ်ထင်မိတယ်။ လက်တွေ့အသေးစိတ်လုပ်ကြည့်မှပဲ သိပေတော့တယ်။
ပထမဆုံး Template ကို စိတ်တိုင်းကျလောက်မဲ့အခြေအနေလေးထိ အချိန်ပေးပြီးလုပ်ပါ တယ်။ နောက်ဆက်တွဲကတော့ သီချင်းပေါ့။ သူကတော့ အလုပ်အရှုပ်ဆုံးပဲလို့ ဆိုရမလားပဲ။ ကိုယ်ကြိုက်တဲ့သီချင်း ရွေးပြီးပြန်တော့လည်း သီချင်းစာသားလေးတွေက လိုပြန်ရော။ အဲဒီတော့ စာသားတွေကိုလည်း Type ရပြန်တယ်။ သီချင်းနဲ့ စာသားပြီးသွားပြန်တော့ သီချင်းကို Link ယူဖို့ Upload and Hosting Site ကို ရှာရပြန်တယ်။ အဲ .. ပြီးသွားပြန်တော့ သီချင်းနားထောင်ဖို့အတွက် Music Player ကိုရွေးရတယ်လေ။ အဲဒီတော့ သီချင်းတစ်ပုဒ် အတွက် အချိန်မနည်းပေးရတယ်ဗျ။ ပထမဆုံးအနေနဲ့ Music နဲ့ Music Video ပေါင်း 150 လောက်ရွေးပြီး တင်ထားလိုက်ပါတယ်။

အခုတော့ Music Blog လည်း ပြီးသွားပါပြီ။ သိထားတဲ့ သူငယ်ချင်းတွေရှိသလို၊ မသိသေးတဲ့ သူငယ်ချင်းတွေလည်း ရှိနေမှာပါ။ သူငယ်ချင်းတချို့ကလည်း ကျွန်တော် Music Blog လုပ်ထားတယ်ဆိုတာတော့ သိထားကြတယ်။ Link မသိလို့ မသွားဖြစ်ကြဘူးတဲ့။ အခုတော့ ဒီနေရာလေးမှာပဲ Link ကို တခါတည်း ကြော်ငြာလိုက်ပါတယ်ဗျာ။ အဲ.. နောက်ပြီး Music Blog အတွက် သီချင်းလေးတွေကို ကူညီရှာပေးတဲ့ ညီမလေးတစ်ဦးကိုလည်း အထူးပဲကျေးဇူး တင်မိပါတယ်။
Music Blog မှာ လုပ်ချင်တဲ့အပိုင်းလေးတွေ ပြီးသင့်တလောက်ပြီးသွားပြီမို့၊ အခုနောက်ပိုင်း မှာတော့ ပို့စ်တွေလည်းတင်၊ သီချင်းတွေလည်းတင်ဖို့ ကြိုးစားနေပါပြီ။ လာရောက်လည်ပတ် ကြသော သူငယ်ချင်းများကိုလည်း အထူးကျေးဇူးတင်ရှိလျှက်။

Comment Form under post in blogger/blogspot