ကျွန်တော့်ရဲ့ Blogဒုက္ခ

posted under by chitsanm
အဟင်း.... ပြောရမှာတော့ ကိုယ်မသိတာမတတ်တာကို ကြော်ငြာထုတ်သလိုများ ဖြစ်နေ မလားပဲ။ သူများတွေ ဘလော့ဆိုလို့ လိုက်ပြီးဘလော့လိုက်ပါတယ် တွေ့ရတဲ့ဒုက္ခ တွေများတန်းစီလို့။ တစ်ခုရပြန်တော့ တစ်ခုကမရ။ အဲဒီလိုအဖြစ်မျိုးတွေက မရေမတွက် နိုင်အောင်ပင်။ ရှေ့တိုးရင်းတိုးရင်းနဲ့ ဆက်ပြီးလုပ်ရရင် ကောင်းမလား၊ မကောင်းလား ဆိုတဲ့ အတွေးမျိုးပေါ်တဲ့အထိ တွေ့ကြုံခဲ့ရပါတယ်။ ကူညီပြီးပြောမည့်သူလည်း တစ် ယောက်မှမရှိ။ ကိုယ့်စိတ်ကူးနဲ့ ဖြစ်ချင်ရာကို စိတ်ကူးရင်ပြီး ကြိုးစားမိလေရဲ့ ဟုတ် လည်းဟုတ်ပါတယ်။ blog website လုပ်တတ်ဖို့မပြောနဲ့ အခြားဘာ website ကိုမှ မလုပ်ဖူးဘူး။ ပျင်းရင် chat room ထဲ ၀င်တယ်။ Latest software တွေကို Download လုပ်တယ်။ ပြီးရင် install လုပ်ပြီး ဟိုလိုဒီလို လုပ်ကြည့်တာပဲရှိတာ။ ဒါပေမယ့် အခုတော့ သူငယ်ချင်း အချို့က blog တွေ ရေးနေကြပြီဆိုတော့ လုပ်ကြည့်ချင်တယ်လေ။ ဒါကြောင့် blog website ကလေးကို တည်ဆောက်ဖို့အတွက် စတင်ပြီး စဉ်းစားခန်းထုတ် လိုက်မိပါတော့သည်။

ကျွန်တော် blogger ဖြစ်ဖို့အတွက် new blogspot create ကို စတင်လိုက်ပါတယ်။ အဲဒီထိတော့ ဘာမှ ပြဿနာမဖြစ်သေးပါဘူး။ အားလုံး အစဉ်ချောလို့ပဲ။ နောက်ပြီး template ကမကြိုက်တဲ့အတွက် template နမူနာတွေကို လိုက်ပြီးရှာရတယ်။ ရှာလို့ရတဲ့ template နဲ့ အစားထိုးပြီး template ထဲက CSS တွေကို ပြင်ကြည့်တယ်။ အဲဒီလို လုပ်ရတာကရင် အကြိမ်ကြိမ်ပဲ။ ထိုနောက် ကျွန်တော် အရမ်းကြိုက်တဲ့ template လေးတစ်ခု ရသွားပါတယ်။ အဲဒီအခါ ထို template နဲ့ပဲ အတည်လုပ်မယ်လို့ စိတ်ကူးပြီး၊ blog အတွက် လိုအပ်မယ်ထင်တဲ့ application တွေကို link လုပ်ကြည့်တယ်လေ။ template ရဲ့ Html / CSS ထဲမှာဝင်ပြီး application တွေကို ကိုယ်ထားချင်တဲ့နေရာလေး တွေကိုရွေးပြီး copy ကူးလိုက် paste လုပ်လိုက်နဲ့ အချိန်တွေအများကြီး ကုန်စေခဲ့တယ်။

ကျွန်တော်ကြိုက်သွားလောက်တဲ့ blog form website လေးတစ်ခု စိတ်ထဲမှာ ယူဆလိုက် မိပါပြီ။ အဲဒီအချိန်ထိတော့ post တင်ဖို့အတွက် စာတစ်လုံးမှ မရေးမိသေးဘူး။ template လှလှလေးနဲ့ ကြည့်လို့လှအောင်ပဲ စိတ်သွင်းထားမိတယ်။ အခုကျွန်တော် စတင်လိုက်ပါပြီ။ post တင်ဖို့အတွက် စာပိုဒ်ကလေးအချို့ရိုက်လိုက်မိပါပြီ။ အဲဒီနောက် BUBLISH ဆိုတဲ့ command လေးကို နှိပ်လိုက်ပါပြီ။ ထိုနောက် view blog ကို နှိပ်လိုက်တာကြောင့် ကျွန်တော့်ရဲ့ blog website ကလေးဟာ ပွင့်လာပါပြီ။ အဲဒီမှာ စပြီးတွေ့တာပါပဲဗျို။ ကျွန်တော် တင်ထားတဲ့စာကြောင်းတွေက တစ်ကြောင်းနဲ့တစ်ကြောင်း ထိနေတာကို တွေ့ရတယ်။ နောက်ပြီး စာတွေကလည်း မြင်ရတာသိပ်ပြီးတော့ ပီပီပြင်ပြင်မရှိလှဘူး။ ကြည့်ရတာ တစ်မျိုးကြီးဖြစ်နေတယ်။ တစ်ခုခုလိုနေမှန်းတော့ သိနေပြီလေ။ ဘယ် နေရာက လိုနေမှန်းကို မသိတော့ဘူး။ ခေါင်းတွေလည်း ရှုပ်လာပြီ။ post settings မှာလုပ်ခဲ့တုန်းက နည်းများလိုနေသေးလားဆိုပြီး စဉ်းစားနေမိတယ်။ အဲဒီအချိန်မှာ တစ်ခုသွားပြီး စဉ်းစားမိတယ်။ ကျွန်တော့်အရင်မှာ လုပ်သွားတဲ့ Blogger တွေရဲ့ link တွေကို သူငယ်ချင်းတစ်ယောက်ဆီမှာ အကူအညီတောင်းပြီး ရယူလိုက်တယ်။ အဲဒီမှာ သူတို့တွေ ဘယ်လိုရေးထားလဲ၊ settings တွေမှာ ဘယ်လိုလုပ်ရတယ်ဆိုတာ ရှင်းပြထားတာများရှိမလားဆိုပြီး တစ်ခုပြီးတစ်ခု ရှာကြည့်မိပါတယ်။ အဲဒီအချိန်မှစပြီး ကျွန်တော့်ရဲ့ ရှာပုံတော်ကြီး စတာပါပဲခင်ဗျာ။

ပထမဦးဆုံး နိုင်းနိုင်းစနေ blogspot ထဲဝင်ပါတယ်။ သူတင်ထားတဲ့ post တွေ တော်တော်များများ ဖတ်မိပါတယ်။ အဲဒီနောက် သူက link လုပ်ထားတဲ့ blogger တွေရဲ့ link တွေကို တစ်ခုချင်း ဖွင့်မိပါတယ်။ အဲဒီထဲမှ NYI LYNN SECK 18+DEN ဆိုတဲ့ သွားပြီး တွေ့မိပါတယ်။ သူ့ရဲ့ site ထဲမှာ ကျွန်တော်လိုချင်တဲ့ အပိုင်းလေးတစ်ခု ပါဝင်နေ ပါတယ်။ အဲဒါကတော့ How to add CSS style for Zawgyi-One font in your post ဆိုတဲ့ link ဖြစ်ပါတယ်။ ထို link လေးကို ဖွင့်ကြည့်လိုက်တဲ့အခါ B.E.H.S (5) Botataung link ကို ထပ်မံတွေ့ရှိပါတယ်။ သူရဲ့ link ထဲမှာက Internet Explorer နဲ့ Mozilla နှစ်ခုလုံး Zawgyi font ကို ကောင်းကောင်းမြင်ရအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးကို တွေ့မိပါတယ်။ ကျွန်တော်လည်း ကိုယ်လိုချင်တာနဲ့ ကွက်တိ ဖြစ်ပြီဆိုပြီး သူပြောတဲ့အတိုင်းပဲ အားလုံးကို လုပ်ကြည့်ပါတယ်။ ဒါပေမဲ့ ထူးခြား မလာပါဘူး။ တစ်ခုတော့ ထူးခြားသွားတယ်၊ စာလုံးပုံစံတွေက အရင်ကထက်ပိုပြီး ကြည့်ရတာကောင်းသွားတယ်။ စာကြောင်းတစ် ကြောင်းနဲ့ တစ်ကြောင်းကတော့ အရင်လို ကပ်လျှက်ပဲ။ ကျွန်တော်လည်း ဘာကိုစဉ်းစားရမှန်းမသိဖြစ်သွားတယ်။

နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်မိပါတယ်။ template ကို ပြောင်းကြည့်ရင် ကောင်းမယ်ဆိုတဲ့ အတွေးဝင်လာပါတယ်။ အဲဒီနောက် ကျွန်တော် template ကို ပြောင်း ကြည့်လိုက်ပါတယ်။ ဟုတ်ပါတယ်။ တွေ့ပါပြီ။ စာကြောင်းတွေ ကပ်လျှက်ဖြစ်နေတာ အရင်က ကျွန်တော်ရွေးချယ်ထားတဲ့ template ကြောင့်ဆိုတာ အဖြေပေါ်သွားပါပြီ။

အခု ကျွန်တော်ကြုံရတဲ့ အဖြစ်မျိုးဟာ template ရဲ့ Html (or) CSS ထဲမှာ ၀င်ပြီး setting တွေကို ပြောင်းပြီးလုပ်တဲ့နည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်မှ မသိတာကိုး။ ဒါကြောင့် နောက်ထပ် template (အခုအသုံးပြုနေသော template)ကို အသုံးပြုလိုက်မိပါတယ်။ အခုတော့ ကျွန်တော် ဖြစ်ချင်တာတွေ ဖြစ်သွားပါပြီ။ ဒီ template ကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ Black colour ကို background ထားပြီး blog title နဲ့ sidebar တွေကလွဲလို့ အခြားဘာမှ မပါပါဘူး။ အဆင်ပြေလို့တာသုံးရမှာ စိတ်ထဲမှာ တော့ သိပ်ပြီးတော့ ဘ၀င်မကျလှဘူး။ အဲဒါနဲ့ နည်းနည်းကြည့် ကောင်းအောင်ဆိုပြီး ကျွန်တော့်ရဲ့ graphic image လေးကို ထပ်ပြီး တင်လိုက်ပါတယ်။ အဲဒီအခါမှာတော့ နည်းနည်းတော့ ကြည့်လို့ကောင်းသွားသလိုပဲ။

ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့အခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် အဖြေရတာဟာ ကျွန်တော့်ရှေ့က Blogger ဟောင်းတွေရဲ့ အကူအညီတွေ အများကြီးပါဝင်ပါတယ်။ သူတို့ကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်။ သူတို့တွေ ဒီလိုအခက်အခဲတွေကို ဖြေရှင်းဖို့ link လေးတွေ လုပ်ပေးထားလို့ပဲ ကျွန်တော့်ရဲ့ blog လေး အောင်မြင်သွားရတာပါပဲ။ အခုတော့ ဒုက္ခအမျိုးမျိုး၊ အခက်အခဲမျိုးမျိုး တွေ့ကြုံခဲ့ရတဲ့ ကျွန်တော့်ရဲ့ blog လေးက post တွေကို ဖတ်လို့ရတဲ့အထိတော့ အောင်မြင်သွားပါပြီဗျာ။

အောင်မြင်မှပဲ ဖြစ်တော့မယ်ဗျို။ ဒီ blog website မပြီးမချင်း အိပ်လည်းဒီစိတ်၊ စားလည်းဒီစိတ်နဲ့ ညတွေမှာဆိုရင်လည်း သူများအိပ်လို့ မအိပ်နိုင်။ သြော်... ဒုက္ခ...ဒုက္ခ blog ရဲ့ ဒုက္ခ က တယ်ကြီးမားတာပါလားနော်။

(နောက်ထပ် blog အသစ် ထောင်မည့်သူများအတွက် ရည်ရွယ်ပြီး ရေးထားခြင်း သာဖြစ်ပါသည်။ Blogger ဟောင်းများ အနေဖြင့်တော့ ရယ်စရာကြီး ဖြစ်နေပါလိမ့် မယ်လို့ ထင်မိပါတယ်။)

1 comments

Make A Comment
top