ဖြစ်ပုံက

posted under by chitsanm
``ဒါကဘာလဲ၊ ဘာအတွက်လဲ၊ ဘယ်လိုလုပ်ရမှာလဲ´´ ဘာ... ဘယ်.... စတဲ့စကားလုံး အသုံး အနှုန်းတွေဟာ ကျွန်တော့်အတွက် ဖြစ်နေပါလိမ့်မယ်။ သူငယ်ချင်းတစ်ယောက်က ဘလော့အတွက် စာတွေရေးနေတယ်တဲ့လေ။ ဘလော့ဆိုတာ ဘာပါလိမ့်လို့ ရေရွတ်ပြီး ကိုယ့်ကိုယ်ကို မေးမိတယ်။ ကျွန်တော်လည်း မသိလိုက်ဖါသာ နေလိုက်မိတယ်။ ဒါပေမဲ့ မရဘူးလေ။ စိတ်ထဲက မသိတာကိုပဲ သိချင်နေတယ်။ အဲဒါကြောင့် သူငယ်ချင်းဆီကို အကူအညီတောင်းပြီး၊ ဘလော့ဆိုတာဘာလဲဆိုတာသိရအောင် ဘလော့အကြောင်း လေးတွေကိုမေးမိပြီး သူ့ဆီက လင့်ခ်လေးတစ်ခုကိုရယူကာ ဖွင့်လိုက်မိကာမှ သြော်... ဒါလားဘလော့ဆိုတာ... လို့သောင် တွေဝေစဉ်းစားမိရင်းနဲ့ ရောင်လည်လည် အတွေးတွေနဲ့ ဘလော့လောကထဲကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဘလော့လုပ်ဖို့မပြောနဲ့ ဘလော့နဲ့တူတဲ့ အခြားဘာ website ကိုမှ ရောင်လို့သောင် မလုပ်မိဘူးဗျ။ စာတိုစာရှည်လေးတွေလည်း ရေးတော့ရေးဖူးပါတယ်၊ ဦးတည်တာကတစ်မျိုး အဓိပ္ပါယ်ရောက်တာကတစ်မျိုး ကိုယ်ကို တိုင်တောင် နားမလည်ဘူးဗျ။ အခုမှပဲ ဘလော့ဆိုတဲ့ခေါင်းစဉ်ကြီးကိုစိတ်သွင်းပြီး ကြိုးစား ရေးမိလေရဲ့။ သီးခံပြီးဖတ်ကြပေါ့ဗျာနော။ အားလုံးဟိုရောက်ဒီရောက် ဖြစ်နေလိမ့်မယ် ထင်မိပါတယ်။ လိုအပ်တာလေးတွေရှိရင်လည်း ၀ိုင်းဝန်းပြီးတော့ သင်ကြားပြသပေးနိုင် ပါတယ်ဆိုတာ အကူအညီတောင်းရင်း.....။

ရေးမိပါလေ ဒီစာတွေ
ဖတ်မိပါငြား ဒီစာကား တတ်သိလိမ္မာမရှိသာ
ဖတ်မိပါငြား ပေါင်းဖေါ်များ ထပ်ညှိလေက ကောင်းပေစွ။

0 comments

Make A Comment
top