မင်းကိုလွမ်းတိုင်း ပန်းတိုင်းပွင့်ပါစေ...
posted under
Poem
by chitsanm


ရောက်တတ်ရာရာ စကားလေးတွေကို
အခေါက်ခေါက်အခါခါ ပြောနေတတ်ပေမယ့်
မင်းနဲ့အတူ ဆုံးဖူးခဲ့တဲ့ နေ့လေးတစ်နေ့ရဲ့ စကားလုံးလေးတွေကိုတော့
ရောက်တတ်ရာရာအဖြစ် မဖန်တီးခဲ့ပါဘူး ချစ်သူ...။
နောက်တစ်ယောက် နောက်တစ်နေရာမှာ တွေ့ဖူးခဲ့ပေမယ့်
မင်းနဲ့အတူ ဆုံးဖူးခဲ့တဲ့ နေရာလေးတွေတချို့ကိုတော့
ငါ့ဘ၀ရဲ့ရင်မှာ တစ်သက်လုံး သိမ်းဆည်းသွားမှာပါ ချစ်သူ...။
အလွမ်းအဆွေးနဲ့ သတိရခြင်းတွေကို လစ်လျူရှုတတ်ပေမယ့်
မင်းကိုလွမ်းခဲ့မိတဲ့ အလွမ်းရဲ့ရလဒ်ကလေးတွေကိုတော့
ထာဝရရင်မှာ တည်တံ့နေခဲ့ပြီ ချစ်သူ...။
မင်းကိုလွမ်းတိုင်း ပန်းတိုင်းပွင့်ပါစေသား....။
Written by
ချစ်စမ်း
Comment Form under post in blogger/blogspot