ကဗျာကဏ္ဍ(၈)
posted under
Poem
by chitsanm


အချစ်စစ်ရဲ့ တင်္ကေတ
အချစ်စစ်တိုင်းဟာအချစ်ဦးပါ။
မုန်းတိုင်းထန်ထန် နှလုံးလမ်းကြောင်းမှာ
တော်တော်ရှည်အောင်လျှောက်ခဲ့ဖူးတယ်
မျက်စောင်းထက်မှာစူးစိုက်ကြည့်တတ်တဲ့
ချစ်သူ မျက်ဝန်းမှာငါကျဆုံးဖူးတယ်
ရီဝေနှစ်မူးဖွယ်ရာ အနမ်းတွေစတင်ရာ
နှင်းဆီဖူးလေးတွေရဲ့ ကြိုးကိုင်ရာအတိုင်း ကခဲ့ဖူးတယ်
ဒါပေမယ့်ချစ်သူရယ်
အချစ်စစ်တိုင်းဟာအချစ်ဦးလိုပါပဲ
ဘ၀မှာအပိုင်သိမ်းထားခဲ့တဲ့ရက်စွဲတွေပြန်ပုံဖော်မိတယ်
ညီမလေး ပေးခဲ့တဲ့တင်္ကေတ
Comment Form under post in blogger/blogspot