ကဗျာကဏ္ဍ(၉)
posted under
Poem
by chitsanm


မေ့ပစ်လိုက်တဲ့ချစ်သူ
လွမ်းတော့ မလွမ်းပါဘူး
ဒါပေမယ့် မင်းနဲ့ဆုံတွေ့ချိန်လေးတွေကို
သတိရနေမိတရ် ...
ဆုံးရှုံးရမှာကိုကြောက်ခဲ့တဲ့
မင်းရဲ့အပြုံးလေးတွေကို
ငါ ပြန်မြင်နေတရ် ...
မချစ်ခဲ့ပေမယ့်လည်း
သံယောဇဉ်ဆိုတာကြောင့်
မေ့ဖို့ခက်နေခဲ့တရ် ...
မင်းမရှိတော့ပေမယ့်
မင်းရဲ့ စကားသံလေးတွေကို
ငါ့နားထဲမှာ ကြားယောင်နေမိတရ် ...
ငါ့ရင်ထဲမှာ မရှိတော့တဲ့မင်းကို
အခု ... နှမျောစိတ်နဲ့အတူ
မေ့ပစ်လိုက်ဖို့ ကြိုးစားနေမိတရ် ....
လွမ်းတော့ မလွမ်းပါဘူး !!!
(စိတ်လှုပ်ရှားခဲ့ဖူးသော ရင်ခုန်သံတစ်ချက်အတွက်)
Comment Form under post in blogger/blogspot