စိတ်ကူးကြွေရဲ့ပုံရိပ်များ

posted under by chitsanm
ချစ်တဲ့သူနဲ့တွေ့ပြီးနောက် ပန်းတို့ပွင့်ခြင်းသည် ချစ်သူရဲ့အလှကို ခယပူဇော်လေခဲ့သလား ထင်မိ၏။ ကောင်းကင်က ကြယ်တို့ကြွေခြင်းသည် ချစ်သူ၏အလှကို မယှဉ်သာဟု ထင်မိ၏။ မိုးတိမ်သို့မျှော်အငေးမှာ ချစ်သူ၏အလှပေါ်လာစမြဲ၊ အိပ်မက်ထဲထိ ချစ်သူရောက်လာပြီ ဆိုကတည်းက ဝေဒနာ၏အစဟု သိလိုက်ရပြီလေ။ ချစ်တယ်ဆိုတဲ့စကားလေးကို ချစ်သူ ဆီကကြားလိုက်ရတဲ့အချိန်မှာ မြတ်နိုးတန်ဖိုးထား အပ်သောအရာဟု နှလုံးအိမ်မှာဘောင်ခတ် သိမ်းထားလိုက်ချင်တယ် ချစ်သူရယ်.....


သိပ်ချစ်မိပြီဆိုကတည်းက ပိုင်ဆိုင်ခွင့်ကို မျှော်လင့်ခဲ့ကြတာပါ။ ချစ်သူကို ပိုင်ဆိုင်လိုသော စိတ်က ရင်မှာပြည့်သိပ်လို့နေတယ်၊ ဆုံးရှုံးလိုက်ရမှာကို ရင်မဆိုင်ရဲစွာနဲ့ တင်းတင်း ကြပ်ကြပ်ခံစားလိုက်ရတယ်။ မဖြစ်နိုင်ဘူးလို့ သိနေတဲ့ကြားက ဆုံးဆည်းခွင့်ကိုစိတ်ကူး နေမိတယ်လေ။ ဘ၀တစ်ဆစ်ချိုး မချိုးကွေ့ခင်လေးမှာ မချစ်နိုင်တော့ဘူးဆိုတဲ့ ဝေဒနာ လေးကို အသိအမှတ်မပြုပါရစေနဲ့ ချစ်သူရယ်.....

ကမ္ဘာမြေလောကမှာ အကြင်နာတရား၊ မေတ္တာတရား ခေါင်းပါးတဲ့နေ့ဟာ ကမ္ဘာပျက်သော နေ့ပါပဲလေ။ ချစ်သူအပေါ် ပေးဆပ်နေမိတဲ့ ကိုယ့်ရဲ့အချစ်တွေကို အဖြေရှာကြည့် နိုင်မယ်ဆိုရင် ဖြူစင်သန့်ရှင်းတဲ့အချစ်စစ်ဆိုတာ မှတ်ကျောက်အတင်ခံနိုင်ပါတယ် ချစ်သူ ရယ်။ နှလုံးသားက ဆန္ဒဝေဒနာကို ကောက်နှုတ်မှတ်သားပြီး သံသယာအနာဂတ်ကို ဟောကိန်း ထုတ်နိုင်မယ့် အကြားအမြင်ရပုဂ္ဂိုလ်ကြီးတွေနဲ့ တွေ့လိုက်ချင်မိပေမယ့် ``ချစ်သူဆီက အမုန်းစကားစိမ်းကိုသာရပေလိမ့်မယ်လို့´´ ဟောလာမှာ ကိုကြောက်လို့ မမေးမိဝံ့တဲ့ ကိုယ့်အဖြစ်ပါ....

အချစ်တစ်ခုကို အသိအမှတ်မပြုခြင်းသည် ကံတရား၏စီမံရာဟု တရားရေစက်နဲ့ချေဖျက် လို့ရနိုင်ပါ့မလား၊ အလို
ူတဲ့ ပိုင်ဆိုင်မှုတွေကို မျှော်လင့်နေရတာထက် တဖက်သတ် ချစ်နေရတာပဲ ကျေနပ်ပြည့်စုံပါပြီချစ်သူရယ်။ သက်ဆိုင်သူမသိပေမဲ့လည်း သံယောဇဉ် အမှောင်တိုက်နဲ့ လောင်မြိုက်ရတဲ့ ပရိဒေ၀ကြီးမားခြင်းဟာလည်း အတုအနှိုင်းမဲ့သော အချစ်တစ်ခုအဖြစ် ယုံစားမျှော်လင့်ပါရစေ။ ချစ်သူကို စချစ်မိတဲ့ အချိန်ကတည်းက ဘယ်ရည်ရွယ်ချက်မျိုး၊ လိုအင်မျိုးမှမပါဘဲ နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့တာဆိုတာကို သိအောင်ပြဖို့ ကိုယ့်ဘက်မှာ သက်သေမရှိခဲ့ပါဘူး ချစ်သူရယ်......


ချစ်သူကို တိတ်သူခိုးချစ်နေရင်း၊ လွမ်းဆွတ်ကြေကွဲနေရင်းနဲ့ ချစ်သူသတင်းစကားလေးတွေ ကို နားစွင့်နေပြီး အထီးကျန်ခရီးကို လျှောက်လှမ်းနေတဲ့ဘ၀ကို အချိန်ကုန်စေတယ် လေ။ လူတိုင်းမှာ အချစ်စစ်ဆိုတာ ရှိနေမှာပါ။ အဲဒီအချစ်စစ်ကိုပြဖို့၊ ဖွင့်ဟဖို့ ဘယ်လိုမှမဖြစ် နိုင်တော့လို့ ရင်ထဲမှာကြိတ်ခံစားနေရတဲ့သူရဲ့အဖြစ်ကို ချစ်သူသိအောင် ပြောပြချင်ပေမဲ့ အခွင့်အလမ်းမသာတဲ့အတွက် ကိုယ့်စိတ်ထဲမှာပဲ ကြိတ်မှိတ်ခံစားနေရတယ် ချစ်သူရယ်........။

0 comments

Make A Comment
top