``သူ´´ သိပါလေစ

posted under by chitsanm

သူဟာ ကမ္ဘာပေါ်မှာ ကိုယ် အရှုံးပေးလေ့ရှိတဲ့ တစ်ဦး တည်းသော လူသားတစ်ဦး ဖြစ်၏။ ကိုယ်၏ မဆောင်း ရက်သော သရဖူလည်းဖြစ် ၏။ ကိုယ့်သံသရာ၏ အ တောင်ပံလည်း ဖြစ်လေ သည်။


အချစ်တစ်ခုကို ရူးသွပ်စွာစွဲလန်းလောက်အောင်ထိ ချစ်ခဲ့ဖူးပါသည်။ ငါဟာ အချစ်အမျိုးမျိုး၊ အဆင့်အတန်းအမျိုးမျိုး ရှိကြတဲ့အနက် နုံချာချာအညတြလူသားထဲက အချစ်မျိုးကို ပိုင်ဆိုင် မိသူပါ။ ဒါပေမယ့် ငါချစ်တဲ့သူရဲ့ပေါ်မှာ ချစ်မိတဲ့အချစ်တွေကတော့ ကမ္ဘာမှာအချမ်းသာဆုံးဖြစ် နေမှာပါ။
  • စည်းစိမ်အပြည့် ခြံရံထားတဲ့သူရဲ့နှုတ်မှ အချစ်ဆိုတဲ့စကားလေးကို ပြောထွက်လိုက်မှ အချစ်လို့ သတ်မှတ်ကြပါသလား?
  • ကဗျာတွေ၊ စာတွေ လှလှပပစီခြယ်ပြီးပြောတတ်တဲ့သူရဲ့နှုတ်မှ အချစ်ဆိုတဲ့စကား လေးကို ဖွင့်ဟလိုက်မှ အချစ်ဆိုတဲ့ ဂုဏ်မြောက်ပါသလား?
  • ချစ်တယ်ဆိုတဲ့စကားလေးကို ရိုးရိုးစင်းစင်းလေးပြောထွက်တတ်သူရဲ့နှုတ်မှ ပြော ထွက်လိုက်တဲ့ အချစ်ဆိုတဲ့စကားလေးကို အချစ်နယ်ပယ်၏ စွန့်ပယ်ခြင်းမှသည် အပယ်ခံအချစ်အဖြစ် သတ်မှတ်ကြပါသလား?
အဲ့ဒီ အချစ်တွေထဲမှ ငါဟာ... အပယ်ခံအချစ်ကို ပိုင်ဆိုင်မိသူပါ။ ငါဟာ... အခြားသူတွေလို အချစ်ဆိုတဲ့အဓိပ္ပါယ်လေးကို နက်နက်ရှိုင်းရှိုင်းစကားညွန့်လေးတွေသုံးပြီး ချစ်ရသူနာပျော် ဖွယ် ဖြစ်အောင်ပြောမထွက်တတ်တဲ့သူပါ။

ငါ....ပြောသမျှ၊ ငါ... ချစ်သမျှ သူ့အတွက် ရီစရာတွေပေါ့။ ငါ... ရူးသွပ်စွာ စွဲလန်းခဲ့သမျှ သူ့အတွက် ဟာသတွေပေါ့။ ငါ... တစိမ့်စိမ့်ခံစားရတဲ့အကြောင်းလေးတွေကို ရင်ဖွင့်ခဲ့သမျှ သူ့အတွက် နားပူစရာလေးတွေပေါ့။

ဒါပေမယ့်.... ငါဟာ အချစ်ကိုကိုးကွယ်တဲ့လူတစ်ယောက်ပီပီ ငါ့ရဲ့အချစ်ကို ဘယ်လိုပဲ သတ်မှတ်ပါစေ ချစ်ရသူတစ်ယောက်ကိုတော့ ချစ်၍ ချစ်ဆဲ ချစ်မြဲပါပဲ။


(မချစ်နိုင်တဲ့သူတစ်ယောက်ကို စွဲလန်းမိသူ၏ အဖြစ်)

0 comments

Make A Comment
top