စွဲလန်းရွက်တွေကြွေပါတော့လား
posted under
Post
by chitsanm

ကြာမြင့်တာရှည်စွာ စွဲလန်းတမ်းတနေတဲ့ သူ့ရဲ့မျက်နှာလေးကိုမြင်ရောင်မိကာ တုန် လှုပ်ချောက်ချားနေတဲ့ ကိုယ့်ရဲ့စိတ်တွေ ငြိမ်းအေးဖြေသိမ့်သွားအောင် တိတ်ဆိတ် ငြိမ်သက်နေတဲ့လရောင်က ဆောင်ကြဉ်း ပေးနိုင်မယ့်လက္ခဏာ မရှိဘူး။
လရောင်၏လွှမ်းမိုးမှုကိုခံနေရတဲ့ ကြယ် လေးတွေရဲ့ မပီဝိုးတ၀ါးအလင်းရောင် လေးတွေကလည်း ပန်းဟိုက်နွမ်းလျနေ တဲ့ ကိုယ့်မျက်လုံးတွေအတွက် ချမ်းမြေ့ စရာတစိုးတစိမျှ ဆောင်ယူပေးနိုင်မယ့်ပုံ မပေါ်ဘူး။
စိတ်လက်ချမ်းသာ သက်သာရာရဖို့၊ ဖြေသိမ့် ဖြေပြေရာရဖို့ရာအတွက် စွန့်ခွာထွက်သွားစရာ နေရာလပ်မရှိရှာတဲ့ ကိုယ့်အချစ် ၀ိညာဉ်ဟာ ပြည့်အန် ဖိတ်လျှံကျတဲ့အထိ စွဲလန်းမှုနဲ့အတူ အလွမ်းသောကတွေ လောင်းဖြည့် ထားတာ ခံနေရလို့ပဲ။
သူ့ရဲ့အကြည့်၊ သူ့ရဲ့အပြုံးလေးတွေက ကိုယ့်အတွက်အရာရာကို ပြီးပြည့်စုံလောက်တဲ့ လက္ခဏာလေးတွေပါ။ ချစ်တယ်ဆိုတဲ့စကားလေးကို ပြောမထွက်ခဲ့ပါဘူး။ စွဲမက်တမ်းတဖွယ် သူ့ရဲ့အပြုံးလေးတွေ ပျောက်ကွယ်သွားမှာကို စိုးမိတယ်ကွယ်။ ချစ်တယ်ဆိုတဲ့စကားလေးကို ညင်ညင်သာသာလေးနဲ့ တီးတိုးရေရွတ်ရင်း ပြောထွက်ခဲ့တဲ့အချိန်မှာ သူကအပြုံးမပျက် ဆက်၍သာပြုံးနေဆဲပဲလေ။ ကိုယ်ပြောလိုက်မိတာက ၀ိုးတ၀ါးအိပ်မက်လေးထဲက သူ့ရဲ့ ပုံရိပ်လေးရှေ့မှာဖြစ်နေလို့ပဲလေ။
စွဲလန်းရက်တွေတာရှည်ခဲ့ပြီမို့ ရင်ထဲမှာသိမ်းဆည်းမထားနိုင်ခဲ့တာကြောင့် ချစ်တယ်ဆိုတဲ့ စကားလေးကို သခင်သိအောင်နှုတ်မှဖွင့်ဟမိခဲ့ပါပြီ။ ကိုယ့်ရဲ့ရင်တွင်းစကား သခင်ကြားသိခဲ့ တာကြောင့် တဒင်္ဂပျော်ရွှင်မိပါ၏။ ကျီစယ်လှည့်စား သူ့စကားလေတွေကြောင့် ကြည်နူး နှစ်သက်နေခဲ့မိတာအမှန်ရယ်ပါ။ ကိုယ့်အပေါ်ချစ်ငြား ဟုတ်လိမ့်နိုးနိုးနဲ့ မျှော်လင့်စိတ်ကူးခဲ့ရ တဲ့ နေ့ညမြောက်မြားစွာကို ဖြတ်သန်းခဲ့ရပြီလေ။
သူ့ရဲ့ရင်တွင်းစကား ကြားချိန်တန်လို့ကြားခဲ့ရပြီ။ အိုကွယ်... သခင်ရယ်... နေ့ညများစွာ ရူးသွပ်စွဲလန်းခဲ့ရတဲ့ကိုယ့်အတွက် စက္ကန့်ပိုင်းလေးအတွင်းမှာပဲ သခင်ရဲ့နှုတ်ဖျားကထွက်လာ တဲ့ စကားလေးက “မချစ်နိုင်ဘူး” တဲ့လား။
ထပ်ကာကြိုးစား သခင့်အချစ်များရဖို့အတွက် စိတ်ကူးရှိပေမယ့်လည်း မျှော်လင့်ချက် အလင်းရောင်ဘာရယ်မရှိ။ တီးတိုးရေရွတ် ကိုယ့်အချစ်မှာ အချစ်ကလွဲ၍ဘာမှမရှိခဲ့ပါဘူး။ ပြစ်တင်ရှုံ့ချ ကိုယ့်အဖြစ်ကိုပါ။
တစ်ချိန်က မျှော်လင့်ချက်အလင်းရောင်တန်းတွေနဲ့ ငေးမောကြည့်ခဲ့တဲ့လမင်းဟာလည်း ကြမ္မာဆိုးမိုးတိမ်မဲကြီးက အမှောင်အတိဖုံးလွှမ်းသွားခဲ့ပြီပေါ့ကွယ်။ လွတ်မြောက်ရာ ကြယ် လေးတွေကလည်း ပိုမိုလင်းလက်လာပြီး ကိုယ့်ကိုလှောင်ပြုံးပြုံးနေကြလေရဲ့။ ခံစားအရှိ ရင်ထဲအသိမို့ စွဲလန်းရွက်တွေကြွေပါတော့လားကွယ်။

Comment Form under post in blogger/blogspot