``လမ်းပြမယ့် ရင်ခွင်သစ်´´
posted under
Poem
by chitsanm

အချစ်စစ်အမှန်ကို
အပြစ်သင့် မကျန်ခဲ့စေချင်ဘူး... ချစ်သူ...။
ကိုယ့်ရင်ခွင်ထဲ မင်းအချစ်အရောက်
ပျောက်ရှာနေတဲ့ ကိုယ့်ရဲ့မျှော်လင့်ချက်လေးတွေ
ပေါ်လွင်ထင်ရှားလာတာဟာ အချစ်ရဲ့အကြင်နာများနဲ့
ဖန်ဆင်းခဲ့လေသလား ချစ်သူ...။
အယူမူဝါဒ ကွဲလွဲခဲ့ရင်တောင်
တဒင်္ဂအတွက်မဟုတ်ဘဲ ထာဝရအတွက်
ထပ်တူတကျ မှတ်ယူကြပါစို့ ချစ်သူ....။
အသစ်အသစ်အချစ်တွေနဲ့ တရစ်ရစ်နွယ်ယှက်ပြီး
ဖလှယ်ခဲ့တဲ့ သံယောဇဉ်မြစ်နှစ်စင်းရဲ့ မေတ္တာရေလှိုင်းလေးတွေကို
ခရီးကျောနှင်ကာ စီးနင်းလိုက်ပါရင်း
အချစ်ဆိုတဲ့ ထာဝရခရီးလမ်းရှည်ကြီးအပေါ်မှာ
အတူလျှောက်လှမ်းကြပါစို့ ချစ်သူရယ်...။ ။
Written by
ချစ်စမ်း